Bootstrap
  • Home
  • Activities
  • Gallery
  • About

How It Works

About Us

We Are One- WAO ကို ၂၀၁၉ ခုနှစ်တွင် စစ်တွေနှင့် ကျောက်ဖြူမြို့တို့ရှိ တက္ကသိုလ်၊ ကောလိပ်များ၌ ပြုလုပ်ခဲ့သော “Difficulties Faced by LGBT & Youths Opinion on them” သုတေသန စာတမ်းငယ်၏ တွေ့ရှိချက်များကို အခြေခံလျက်မြန်မာ့လူ့အဖွဲ့အစည်းတွင် LGBT အဖြစ် ရပ်တည်နေထိုင်ခြင်းသည် အရှက်ရဖွယ်ရာ၊ မနှစ်မြို့ဖွယ်ရာအဖြစ် သတ်မှတ်ကြသည့်အပြင် ၎င်းတို့ကို ခွဲခြားဆက်ဆံမှုသည် အမြစ်တွယ်ခဲ့သည်မှာ အချိန်အတော်ပင်ကြာညောင်းခဲ့ပြီးဖြစ်ရာ ဤအမြင်ကို ပြောင်းလဲရန် နှင့် အနာဂတ်တွင် လူသားဖြစ်တည်မှုပေါ်မူတည်၍ ခွဲခြားဆက်ဆံမှု ပပျောက်စေရန် လုပ်ဆောင်လိုသည့် ရည်ရွယ် ချက်ဖြင့် WAO ကို 2020 ခုနှစ် ဖေဖော်ဝါရီလ 20 ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

LGBT ဖြစ်တည်မှုသည် သဘာဝတရား ကိုဆန့်ကျင်သူများဟု လူမှုအသိုင်းအဝိုင်းတွင် လက်ခံထားကြဆဲဖြစ်သည်။ ဟာသလုပ်ခြင်း၊ စနောက်ခြင်းဖြင့် အထင်သေးခံ လူတန်းစားတစ်ရပ် အဖြစ်ရပ်တည် နေကြရသည်။

Read More

Get Connected

  • @weareoneifo
  • We Are One - WAO
  • weareone.org20@gmail.com

© All rights reserved | We Are One Organization